Yah---ဒါဟာချစ်ဗိမာန်လို့ ကိုယ်ထင်ပေမဲ့ အလွမ်းအဆွေးများရဲ့ထောင်ချောက်ပဲ
ထုံကြိုင်မွှေးပျံသောချစ်ရနံ့များဟာ အဆိပ်ငွေ့များလိုသတ်နေပြီ---------
ညင်သာနုညံ့လွန်းတဲ့ ကြင်နာသူအသဲ အခုတော့သိပ်မာ သံမဏိပဲ
မင်းရဲ့ချစ်မျက်နှာဖုံးကို ဖြုတ်လိုက်မှ ကိုယ်တွေ့လိုက်ရပြီ အမုန်းအဆွယ်တွေ
ကြေကွဲခြင်းနဲ့ နှလုံးသား အစိမ်းလိုက်ပေါ့ မင်းကခွဲသွား ရက်စက်ခြင်းအတွက်
လျောက်လဲချက်က မင်းပြောတော့အချစ်တဲ့လား---------------------------
ရန်သူကြီးတစ်ယောက်လို ထင်နေပြီလား အမုန်းလက်နက်တွေ ကိုင်စွဲထား
သိပ်တင်းမာပြင်းထန်နေသူမင်းလေး ရဲ့ အိုး ဆက်ဆံရေးတွေကျဲနေပြီ
ကြေကွဲခြင်းရဲ့နှလုံးသား အစိမ်းလိုက်ပေါ့မင်းကခွဲသွား ရက်စက်ခြင်းအတွက်
လျောက်လဲချက်က မင်းပြောတော့အချစ်တဲ့လား--------------------------
ပူလောင်ခြင်းများနဲ့ နာကျင်မှု့များ လွမ်းဆွေးတမ်းတ ကြေကွဲခြင်း
ဒါကိုအချစ်ဆိုပြီးတော့ တံဆိပ်နှိပ်လို့ မင်းကကိုယ့်ကို လုပ်ကြံတယ်
မင်းကနှိပ်စက်လွန်းလို့ မသေယုံပါပဲ အို--ယဲ့ယဲ့လေးသာကျန်ရစ်ခဲ့
စိတ်ဓါတ် ဦးနှောက်များလည်း ပုံမှန်ရှိမလား --မသိဘူး မင်းကျေးဇူးကြောင့် ရူးနိုင်တယ်
ဒဏ်ရာများနဲ့ ကိုယ့်အသဲ အစိတ်စိတ်အပိုင်းပိုင်း ပေါ့ကြေကွဲ
ရက်စက်ခြင်းအတွက်လျောက်လဲချက်က မင်းပြောတော့ အချစ်တဲ့လား
( ဒါဟာအချစ်တဲ့လား အဲ့ဒါအချစ်တဲ့လား ဒါများအချစ်တဲ့လားကွာ မင်းပြောစမ်း/မင်းပဲပြော
ဒါဟာအချစ်တဲ့လား အဲ့ဒါအချစ်တဲ့လား ဒါများအချစ်တဲ့လားကွာ မင်းပြောဦး )2
fade out
No comments:
Post a Comment