cho-( စမ်းများစီနေတာ ပန်းများပွင့်နေကာ လှပတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်တည်းလိုတာ တမ်းတမိနေပြီ ကိုယ်ရဲ့အချစ်လေးရေ
ဘယ်ဆီမှာမင်းအချစ်တွေအနားမှာ အားဟာ
မင်းရှိမှ ဘ၀ဟာလှပ အားဟာ)
စမ်းကအမြဲသာစီး ပန်းကပွင့်နေပြီ ၊လှည့်ပတ်သွားခဲ့မိ ဘ၀ရဲ့တိမ်တိုက်ကြီး
ဒီလိုမရပ်မနားတဲ့အချိန်ရထား သွားနေပြီး ချစ်တတ်သူကအပြောင်းအလဲကိုမှရှိ
အရူးလုပ်သွားမှာကြောက်ပြီ မင်းပစ်သွားမှာကြောက်ပြီ အသည်းတွေယစ်မူးပြီ
ရင်ခုန်ချက်တွေနဲ့ပြောနေမိ ညဆည်းဆာ ငါ့ရဲ့စိတ်ကူးမှာ တစ်ယောက်တည်းမနေတတ်တော့ဘူး
ချစ်သူလေးက အနားမှာသိပ်ထူးဆန်း ငါ့ကိုပြောချင်ပြောကြစမ်း
လက်တွဲသွားလိုက်ကြစို့အချစ်လေးလက်ကိုကမ်း
သံသယမရှိသော အရပ်သို့ တို့နှစ်ယောက်အတူတူလှမ်း
စွဲလမ်းတဲ့အစွဲအလမ်းနဲ့အမြဲလွမ်းမယ် အမြဲတမ်း ချစ်သူနေ့ ငါတို့ပျော်ရမယ်ချစ်သူ
အချစ်အစစ်တွေမင်းယူလျှောက်လည်ကြမယ်တို့အတူ ချစ်သူ
အမှတ်တရအဖြစ်အနမ်းလေးတွေပေးသူ ချစ်သူနေ့လက်ဆောင်ပဲပေါ့နှလုံးသားကိုမင်းယူ
cho(စမ်းများစီးနေတာ ပန်းများပွင့်နေတာ လှပတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်တည်းလိုတာတမ်းတမိနေပြီကိုယ်ရဲ့အချစ်လေးရေ
ဘယ်ဆီမှာမင်းအချစ်တွေအနားမှာ အားဟာ
မင်းရှိမှ ဘ၀ဟာလှပ အားဟာ)
ငါတော့အချစ်ကိုတွေ့ခဲ့ပေါ့မနက်စောစော ပြီးရင်လေ ညထိပေါ့မင်းကောက်တော့
ငါ့မှာနောက်ကနေလိုက်ချော မျက်စိပိတ်ထားတိုင်းလည်းမင်းအကြောင်းကိုတွေး
မျက်လုံးတွေဖွင့်တဲ့အချိန်လေး မင်းရှိရင်ပြည်စုံမင်းနဲ့ငါမတွေ့ဆုံတော့
ရှိတဲ့ငါ့စိတ်ဓါတ်တွေမောမောပြီးတအားကြီးပဲလွမ်းနေတော့
ဒီအတိုင်းမနေရဲ ရောက်တဲ့အထိလှမ်းလာတော့မယ် မင်းလေးကြိုလိုက်ဦး ချစ်တဲ့အကြည့်
yo--yo--မင်းမရှိတဲ့နေ့အသည်းကွဲနေ့မှောင်မိုက်နေတဲ့ကိုယ်ဘ၀အတွက်ခါးသက်တဲ့နေ့
ငါပြောမယ်မရက်စက်ပါနဲ့ကိုယ့်ရဲ့အိပ်မက်ကလေးမျှော်လင့်ချက်အတွက်လမ်းပြမီးအိမ်လေး
အချစ်ရဲ့လက်တွဲနေ တွဲတဲ့လက်တွေမြဲစေ အဆုံးသတ်မရအချစ်တွေ မင်းအတွက်ပဲအချစ်ရေ
ကိုယ်အိပ်တဲ့ညတိုင်မင်းကိုအိပ်မက်မက်နေ အိပ်မက်မက်တဲ့ညတွေဟာ အိပ်လို့မရတဲ့ညတွေ come on
cho(စမ်းများစီးနေတာ ပန်းများပွင့်နေတာ လှပတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်တည်းလိုတာ တမ်းတမိနေပြီ ကိုယ်ရဲ့အချစ်လေးရေ
ဘယ်ဆီမှာမင်းအချစ်တွေအနားမှာ အားဟား
မင်းရှိမှဘ၀ဟာလှပ အားဟား---)
ရပ်နားမှာ ဘယ်ဘူတာမှာလည်း ကိုယ်ရထားလေးဘယ်ရင်ခွင်မှာခိုနားမှာလည်း
အချစ်ငှက်လေးရဲ့အထူးပဲချစ်နေဆဲ ပစ်ချသွားစိုးသေး မင်းစိတ်ကြောင့်ရူးပြီပေါ့
နုတ်မရတဲ့ဆူးလေး ငါအရမ်းကြွေနေပြီလေ ကြင်နာသူရေ
မင်းစိတ်တိုင်းကျ နေမှာပါမေ လိုရာစေငါမင်းဆီအရောက်လာပြီ
ချစ်သူလေးအမြဲမင်းကိုလွမ်း ဖြတ်သွားမယ်အခက်အခဲများစွာပေါ့
မင်းလေးရှိမယ့်လမ်း ဒီမှာစွဲလမ်းမှာလားမေရေမုန်းမှာလား
ဒီကမင်းမရှိလို့မဖြစ်တဲ့အချစ်များ အိုး စိတ်တို့ကိုပိုင်စိုးတဲ့မင်းဆီပို့
အိုအချစ်ရေ မင်းရှိမှလှမှာမို့
cho-( စမ်းများစီးနေတာ ပန်းများပွင့်နေတာ လှပတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်တည်းလိုတာ တမ်းတမိနေပြီ ကိုယ်ရဲ့အချစ်ကလေးရေ
ဘယ်ဆီမှာမင်းအချစ်တွေအနားမှာ အားဟာ
မင်းရှိမှဘ၀ဟာလှပ အားဟာ)
No comments:
Post a Comment