ဒီနေ၀င်ချိန်ကိုဘယ်မေ့မလည်း အမှောင်ဝင်လာတာဒီညထဲ
ရက်စက်တဲ့စကားလုံးများနဲ့ ငါ့အသည်း ကိုဖဲ့ခြွေခဲ့
နေချင်တယ်ဆို နေနိုင်ပါတယ် အမှောင်ဝင်လာတယ်ဒီညထဲ
ရက်စက်တဲ့စကားလုံးများနဲ့ အသည်း ကိုဖဲ့ခြွေခဲ့
အချိန်နာရီတွေ အကုန်မြန်နေခဲ့ ရာသီတွေလည်ပတ်ဆဲ
အဆုံးသတ်မဲ့ မေးခွန်းများအတွက် ငါ့အသည်းနှလုံးကကြေကွဲ
နေချင်တယ်ဆို နေနိုင်ပါတယ် နာကျင်နေသူ ကိုယ်တစ်ယောက်တည်း
အသက်မဲ့တဲ့ လမ်းခွဲလေးနဲ့ ငါကျောခိုင်းသွားချင်တယ်
လေပြေတွေလို ညင်သာတဲ့လှောင်ရယ်သံတွေချိုလွင်ဆဲ
တိတ်ဆိတ်တဲ့နှလုံးသားလေးထဲ ဖြတ်သန်းလို့တိုးဝင်ဆဲ
(Dairy စာရွက်ဟောင်းလေးများထဲမှာ ကျိန်စာသင့်သူ
နာကျင်စွာ ဒဏ်ရာနဲ့အိပ်မက်များစွာ
သန်းခေါင်ယံမှာထင်ကျန်နေခဲ့)
No comments:
Post a Comment