Sunday, March 4, 2012

ရှေးသီချင်းလေးတွေနဲ့ပတ်သက်လို့

ရှေးသီချင်းလေးတွေက ဦးဝင်ဦး ဆိုတာ လည်းနားတော့ထောင်ဖူးပေမဲ့ --ရင်းနှီးတာက ဦးသုမောင် ဆိုပေါက်တွေနဲ့ ပိုရင်းနှီး သွားခဲ့တာပါ---
ခုတင်ထားတာတွေက တော့ ကျွန်တော်တို့ ဆရာကြီး ဦးသိန်းတန်(မြန်မာပြည်) ရဲ့ သီချင်းစာအုပ်မှ ကူးယူ
တင်ပေးခြင်းဖြစ်ပါတယ်-----
ဦးသိန်းတန်(မြန်မာပြည်) ရဲ့ ဒီအခွေနာမည် ကတော့ ဘရဏီ တဲ့ ဗျ----ခုခေတ်စား နာမည်ကြီးနေတဲ့
IronCross တီးဝိုင်းနဲ့ တီးထားတာပါ---ဦးသိန်းတန် က အမေရိကား ကဆိုပြီး အိုင်စီ က မြန်မာပြီမှာ တီး ပြီး
အသံထပ်ထားတာပါ-----ကျွန်တော်အထင် ၁၉၉၄-၉၅ လောက်ထင်တယ်---အိုင်စီ က ခုလောက်နာမည်
မကြီးသေးတဲ့အချိန်လောက်လို့တော့သိတယ်----စာအုပ်မှာ(Vocal Recording  -Desert Moon Studio)-
USA--လို့ရေးထားပါတယ်----အဲ့ဒီတုန်းက မင်္ဂဇင် တွေက အင်တာဗျူးမှာ တော့ ဦးသိန်းတန်က မြန်မာပြည်
က အိုင်စီ တီးဝိုင်းကို ကြိုက်လို့ အတီးတွေ သွင်းခိုင်းပြီး ဟိုမှာ အသံထပ်တယ် ပြောပါတယ်)
အတီးပိုင်းတွေ ကိုတော့ Linn Studio မှာပဲ အသံဖမ်းပါတယ်------
ဒီအခွေမှာ ဘရဏီ၊သုံးပန်လှ၊ ဇွတ်ချစ်မယ်  သီချင်းသုံးပုဒ်ကို တစ်ပုဒ်တည်း ပေါင်းပြီး လုပ်ထားတာလည်းတွေ့ရတယ်---ခေါင်းစဉ်ကတော့ သုံးခုစလုံး ပေးထားပါတယ်---ဒါပေမဲ့ ဘရဏီ သီချင်းရဲ့  Chorous အပိုဒ်မပါတာလည်းတွေ့ရတယ်--အဲ့ဒါကြောင့် ကျွန်တော်တင်ထားတဲ့ ဘရဏီ မှာ
 (ဘရဏီ ပုံတနုန်း ပြုံးတဲ့မူယာ ခုံးမျက်စချီကာ စန္ဒာလမင်း အဆင်းနဲ့တူစွာ ၀င်းဝင်းပပ ဖြာ ---ကြည်လင်ပေတာ မြင်ရသူ ချစ်ချင်စရာ တော်ဝင်သူမှာ နန်းထိုက်ပန်းမကိုဋ်ကညာ--အသားဝါရွှေသွေးမွေးလို့ကျူကာ ပန်းပေါင်းရနံ့တွေဖြာ  ခင်ခင် ပျိုနှမ လှရက်ပေတာ ချစ်မိကြိုက်မိတာ )
ဆိုတဲ့ သံပြိုင်အပိုဒ်မပါ ပါဘူး----စာသားတွေ အတိအကျမသိတာရယ် ကော့ မရှာဖြစ်တာရယ်ကြောင့်ပါ
နောက် အပြည့်အစုံပါတဲ့စာအုပ်တွေရင် ပြန်ပြင်ပေးပါ့မယ်---
                                                              လေးစားလျှက် --ကိုကြီးဇာ

No comments: