Wednesday, July 23, 2008

အချစ်သီချင်းတွေရဲ့နောက်ကြောင်း

ငယ်ငယ်တုန်းကကြားဖူးတယ် ...
ဟိုးရှေးရှေးတုန်းက
ကို အမ်ဒါ နဲ့ မ အားဝေ့ ဆိုတဲ့ လူနှစ်ယောက်ရှိတယ် ...
သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အစကမသိကြဖူးတဲ့
ဒီလိုနဲ့ သူတို့နေတဲ့တောထဲမှာ လျှောက်သွားကြရင်း တစ်နေ့ပေါ့ .... တစ်နေ့ပေါ့နော် ဘယ်နေ့လဲတော့ မမှတ်မိတော့ဘူး .... အဲဒီနေ့မှာ သူတို့နေတဲ့တောထဲမှာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိတဲ့ မွှေးရနံ့တစ်ခု ကို သူတို့ရကြတယ် ... ဘယ်ကမှန်းမသိပေမယ့် မသွားရရင်မနေနိုင်အောင် ဆွဲဆောင်မှုရှိနေလို့ လိုက်ရှာကြ လေရဲ့ .... အဲဖြစ်ချင်တော့ အဲဒီအပင်ကလည်း တောထဲမှာ တစ်ပင်ပဲရှိတယ် (ရေစက်ဆုံချင်လို့နေမှာ ပေါ့နော်) နှစ်ယောက်သား တစ်ယောက်တစ်နေရာစီက ရှာကြရင်းနဲ့ အဲဒီအပင်ဆီကို ကို အမ်ဒါက အရင်ရောက်သွားတယ် .... သူကထူးထူးဆန်းဆန်း ကြည့်နေတာပေါ့ .... အရင်နေ့တွေကလည်း သူလျှောက်သွားရင်းနဲ့ ဒီအပင်ကြီးနဲ့ အသီးတွေကို မြင်ဖူးပါတယ် .... ဒီနေ့ကျမှ ဘာဖြစ်လို့ အသီးတွေ (ယခုခေတ်အခေါ် ပန်းသီး) အရောင်ပြောင်းပြီး မွှေးနေတာလဲပေါ့ .... သူတွေးနေတဲ့အချိန်မှာပဲ မ အားဝေ့ ရောက်လာပြီး ... ကို အမ်ဒါ ကို တွေ့သွားတယ် ... မအားဝေ့ ကတွေးတာပေါ့ အော် ဒီလူကြီးဆီက ရတဲ့ အနံ့တွေက ဒီလောက်မွှေးနေဘာလားလို့ ဆိုပြီး .... အားကျမခံ သူ့ကိုသူငုံ့နမ်းလိုက်တယ် ... (ဘယ်နေရာ လဲတော့မမှတ်မိတော့ဘူး.... ဖြစ်နိုင်ချေကတော့ ရင်ဘက်ပဲနေမှာ ) အဲဒီအချိန်မှာ မအားဝေ့ က သတိထားမိ သွားတယ် သူ့ရင်ဘတ်တွေ အဆမတန်ခုန်နေတယ် ဆိုတာကို ..... ကိုအမ်ဒါကလည်း မအားဝေ့ ကိုတွေ့ပြီး မအားဝေ့ဆီကမွှေးနေတာပဲ ထင်မိပြီး အားကျမခံ သူ့ကိုသူငုံ့နမ်းလိုက်ပြန်ရော ... သူနမ်းတာလည်း ရင်ဘတ်ပဲ ထင်တယ် ... သူလည်း သူ့ရင်တွေ အဆမတန်ခုန်နေတာ တွေ့ရတယ် .... ဒီလိုနဲ့ တစ်ယောက် နဲ့တစ်ယောက် အနားနားကို ကြောက်စိတ်ကလေးတွေနဲ့ ကပ်သွားကြတယ် .... အဲပြီးတော့ တစ်ယောက် ကို တစ်ယောက် ကိုင်ကြည့်ကြတယ် ... ဆံပင်၊ နဖူး၊ မျက်လုံး၊ နှာခေါင်း၊ လည်ပင်း၊ ရင်ဘက်၊ ချက်၊ .....၊ ဗိုက်၊ လက်၊ ခြေထောက် စသဖြင့်ပေါ့... ဒီမှာတင် သူတို့နှစ်ယောက်ရဲ့ကိုယ်ပေါ်မှာ မတူညီတာ တစ်ခု တွေ့သွားတယ် ..... ဘာဖြစ်မလဲဆိုတာ သူတို့လဲမသိကြဖူး .... ကျွန်တော့်ဘကြီး ပြောတာတော့ အချစ် တဲ့ ... ဒီလိုနဲ့ နောက်နေ့တွေလည်း အဲဒီအပင်နားလာကြရင်း တွေ့နေကြတာပေါ့ .... ဘာတွေလုပ်လဲတော့ ဘကြီးကအသေးစိတ်ပြောမပြတော့ မသိဘူးပေါ့နော် .... ဒီလိုတွေ့နေကြရင်းနဲ့ တစ်နေ့မှာ မအားဝေ့ ဖျားပါလေရော .... ကိုအမ်ဒါ က မအားဝေ့ ကိုလဲ မတွေ့ရတဲ့နေ့ မှာ စောစောကပြောတဲ့ ပန်းသီးပင်ကြီး အောက်မှာ စောင့်နေရင်း ဗိုက်စာလာတာနဲ့ ကြွေကျနေတဲ့ ပန်းသီးတစ်လုံးကို ယောင်ရမ်းရမ်းနဲ့ စားလိုက်တယ် .... အဲ တစ်အားလည်း စားကောင်း .... ပြီးတော့ မအားဝေ့ ကိုလည်း တွေ့ချင်စိတ်တွေနဲ့ .... လျှောက်ပြီး အော်နေလိုက်တာ .... သီချင်းလိုမျိုးသံစဉ်နဲ့ပေါ့နော် .... ဘာတဲ့ သူ့မျက်နှာ ကို့အသည်းထဲ စွဲနေတာ ဆိုလား .... ကြင်နာသူရေ လှမ်းခဲ့ပါ ဆိုလား .... လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့ ဆိုလား ... ဆိုလား ဆိုလားတွေပေါ့ဗျာ ... ဒီလိုနဲ့ အချစ်သီချင်း အလွမ်းသီချင်းတွေ စလာတာလို့ ကျွန်တော့်ဘကြီးက ပြောခဲ့တယ် .... ဟဲဟဲ ဒီအကြောင်းလေကို သီချင်းကြိုက်တဲ့သူတွေသိအောက် ရေးပြလိုက်တာ .... တော်ကြာ အချစ်သီချင်းတွေ ဘယ်ကစမှန်းမသိမှာစိုးလို့ .....

No comments: