ညဉ့်နက်သန်းခေါင်ယံ လေပြည်ညှင်းကြောင့်
မျောလွင့်သွားတကြလရောင်တန်းရဲ့တစ်ဒေသကို
အနန္တတံတိုင်း မရ၀ဏ်အသိအာရုံဖြန့်လို့ စိတ်တွေရွက်လွင့်လိုက်ရှာနေရင်း
ကြယ်တွေကြားမှာ ယဉ်ယဉ်လေးနဲ့လှတဲ့မင်းကို မျှော်လင့်မထားဘဲတွေ့လိုက်တယ်
နူးညံတိမ်ယံ ထာဝရအလင်းနဲ့
ကြယ်စင်မုန်းတဲ့ ညဆောင်နန်းနဲ့ထိပ်ထားထံ
မျှော်ရည်မှန်း ရင်ခွင်လမ်း ငုံစဉ်ပန်းမို့ မေတ္တာကြိုးယှက်ပန်းဖေါင်ဖွဲ့ရင်း
ပန်လိုစိတ်သာရင်မှာ ပြည့်နက် ဆက်သလိုက်တယ် ယူကာနန်ခိုက် ပန်းပွင့်စေ
စွဲငြိကာရန် သာယာခြင်ရဲ့
ရင်ခုန်စည်းချက် ရစ်ခြုံလွှမ်းမဲ့ သခင်မထံ
ဝသုန်မြေဆောင်း ပိုသည်ထိ
သံစဉ်ဖွဲ့လို့ ညို့ငင်လွမ်းချင်း ဆွေးသီနေရင်း
တိုင်တည်သစ္စာ ရွှေနားတော်အရောက် ကျူးရင့်လိုက်တယ်
အာကာတစ်သောင်းထိ ပျံ့လင့်စေ
ရင်ကျက်က္ကုနြေ္ဒ ထည်ဝါခြင်းရဲ့
ဂုဏ်သတင်းနဲ့ မွှေးထုံသင်းတဲ့အချစ်ဆုံးထံ
အိပ်မက်အလွမ်း ထောင်ချီကို
အသည်းနဲ့ရင်းလို့ ဦးကိုညွှတ်လျှက် လှမ်းလွှင့်တင်ရင်း
ဆုံနိုင်ဖိုကို ရင်မှာ မှန်းဆ တမ်းတရင်းနဲ့ကြယ်ကြွေညတိုင်း ဆုတောင်းမယ်
Wednesday, February 27, 2008
Thursday, February 21, 2008
ဟိုတုန်းကသီချင်းများ နှင်ခံစားမှု့
ဟိုတုန်းကပေါ့လေ
တို့ ခပ်ငယ်ငယ်တုန်းကပေါ့
ဦးကျော်ဟိန်း သီချင်းတွေ ပေါ်ကာစကပေါ့
အရမ်းကြိုက်တာ------------------------
တစ်ခွေလုံး ကို အလွတ်ရနေတာ
Intro----Solo ----တွေကိုတောင် ပါးစပ်ကလိုဆိုနိုင်တယ်
အဲ့ဒီတုန်းကတော့ ဂီတာ မတီတတ်သေးပါဘူး
လေးတန်းလောက် ရှိသေးတာကိုး
တကယ်ဆို သူငယ်တန်းလောက်မှာ ကိုင်ဇာသီချင်းတွေစ နားထောင်နေတတ်ပြီ
နှစ်တန်း၊သုံးတန်းလောက်မှာ ဘိုဘိုဟန် သီချင်းတွေ နားထောင်တယ် ---
တကယ်ဆိုရင် ဘိုဘိုဟန်က အရင်ပေါ်တဲ့ အဆိုတော်ပါ--
တို့ က ဘာလို့ ဒီလိုနားထောင်ဖြစ်လည်းမသိဘူး
ထင်တာကတော့ ဘိုဘိုဟန် ရဲ့ ထွက်ခါစ အခွေတွေကို နားထောင်ဖူးတာမဟုတ်ပဲ----ကိုင်ဇာနောက်မှ ထပ်ထွက်တဲ့ အခွေကိုနားထောင်ဖြစ်တာနေမှာပါ-----------အဲ့ဒီတုန်းက ဖေဖေနဲ့မေမေ က အခွေတွေဝယ်ဝယ်လာတယ်
ဖေဖေရော မေမေပါ သီချင်း ၀ါသနာပါတယ်
မေမေ ကမနက်ဆို ကြာနီကန်ဆရာတော်ရဲ့ တရားခွေတွေဖြင့်တယ်
ပြီးရင် ဦသုမောင်တို့ ဒေါ်တင်တင်မြ တို့ ရဲ့ ဘုရားသီချင်း တရားသီချင်းတွေဖွင့်တယ်လေ
ဦးသုမောင်သီချင်တော်တော်များများ ကို ခုထိ ရနေတုန်းပါပဲ ၊ ဦးအံ့ကြီးသီချင်းတွေ-----------
အဲ့ဒီတုန်းက Rock -pop-hiphot တွေ ဘာတွေ နားမလည်းဘူး သီချင်းဆို အကုန်နားထောင်တယ်
အိမ်မှာ ဆို ပလေးဘွိုင်းသန်းနိုင်--စိန်လွင်-ပုလဲ-အယ်ခွန်းရီ -စိုးပိုင်-မေရွက်ဝါ-သီချင်းတွေအဖွင့်များတယ်
ဖေဖေမှာ ကျွန်တော်ထက်အသက်ကြီးတဲ့ အခွေတွေရှိတယ်
ဂျေမောင်မောင်တို့ ခိုင်ထူးတို့ ကိုဖေဖေက မကြိုက်ဘူး ၊
အဲ့ဒါကြောင့်တို့လည်း သူတို့ ကိုနားမထောင်ဖြစ်ပါဘူး
ဖေဖေ က မေဆွိ ကိုတော်တော် ကြိုက်တယ်ထင်တယ်---မေဆွိအခွေတွေတော်တော်များများနားထောင်ဖြစ်တယ်
အဲ့ဒီတုန်းက ပေါ်တဲ့ အသံတုကြယ်တစ်လုံးတို့ ဘာတို့ ကိုနားထောင်ဖြစ်တယ် ၊ ဟာသ သီချင်းတွေလေ
ဖေဖေက ဟာသ ဆိုသိပ်ကြိုက်တာ --မောင်ကြေးမုံ ရဲ့ သံချပ်ခွေတွေဆို သင်္ကြန်ရောက်တိုင်ဝယ်တာ
ငယ်ငယ်ကတော့ကြိုက်တယ် နောက်ပိုင်း ကြိုက်တော့ဘူး
ကော်နီ တို့ ဟေမာနေ၀င်းတို့ကိုလည်းနားထောင်ဖြစ်ပါတယ်
ဒါပေမဲ့ သိမ်မကြိုက်ခဲ့ဘူး
အင်း အဲ့ဒီတုန်းက နဲနဲ လည်း သီချင်းနားထောင်အားနည်းသွားလို့နေမယ်ထင်တယ်
ရှစ်တန်းလောက် ကြတော့ ဂျက်မြသောင်းတို့ ၊ ဂျော်နီတို့ ခေတ်စားလာတယ် ဒါပေမဲ့နားမထောင်ဖြစ်ဘူး
အဲ့ဒီတုန်းက ရှစ်တန်းက အစိုးရစစ် လေ
စားပဲ ကျက်နေရတာ
ကိုးတန်းလောက်မှာ မပိုးဒါလီသိန်းတန် ရဲ့ ချစ်ရီစားအခွေကို မုန့်ဖိုးနဲ့ စုပြီး ၀ယ်ခဲ့တယ်
အဲ့ဒီကစပြီး အခွေတွေကိုစစုဖြစ်တာ
ကိုစိုးသူရဲ့ ရာသက်ပန် အခွေလေး ကို ချစ်သူကိုပေးဖူးတယ်--ဆယ်တန်းမှာပေါ့
ချစ်ကောင်း ရဲ့ အလှည့်လည်းနားထောင်ဖြစ်တယ်
စိုးလွင်လွင် တို့ ခိုင်ထူး တို့ ကို ဆယ်တန်းလောက်ရောက်မှနားထောင်ဖြစ်တာ----
အဲ့ဒီတုန်းက မှတ်မိသေးတယ်----ဆရာမကစာကျက်ခိုင်းရင် ---ဂီတာတီးတီးနေလို့ အဆူခံရတယ်
ဒါပေမဲ့ ခိုးလုပ်ရတာ အရမ်း ကောင်းတယ်----
ဒီလိုနဲ့ ဆယ်တန်းကို မဖြေနိုင် ဖြေနိုင် နဲ့ ဖြေခဲ့ရတယ်
ဆယ်တန်းဖြေပြီတော့ လေးဖြူရဲ့ ကန္တာရ လမင်း အခွေထွက်လာတယ်
နာမည်လေးကို ကြိုက်လို့ ၀ယ်ခဲ့တာ----ဒီလောက်ထိဖြစ်လာမယ် ဘယ်သိခဲ့မှာလည်း
အဲ့ဒီတုန်းက ကိုဟယ်ရီလင်းတို့ ကိုဇော်ထက် တို့ လည်း ခောတ်စားနေတာလေ
နောက်ပိုင်း ကိုရင်ဂို - မာရဇ္ဇ - ဘီလီထွန်း-တို့ထွက်လာတယ် ----
အဲ့ဒီတုန်းကတော်တော်ကြိုက်ပါတယ်---------------
မှတ်မှတ်ရရ ပထမနှစ်မတက်ခင် တုန်းမှာ တောင်ကြီးမှာ သုံးလလောက်သွားနေဖူးတယ်
အဲ့ဒီအချိန်မှာ ကိုလေးဖြူရဲ့ ပင်လယ်အော်သံ အခွေထွက်တာ
အဲ့ဒီအချိန်ထိ ကိုဇော်ဝင်းထဋ် က လွှမ်းမိုးထားဆဲ ပါပဲ
ကိုဇော်ဝင်ထွဋ် ရဲ့ ဂျစ်ပစီမိုးတိမ် ကိုမျှော် လင့်နေတဲ့ အချိန်တွေပေါ့လေ
ကိုညီထွဋ် က စီလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းနဲ့ အောင်မြင်မှု့ ရခဲ့တာမှန်ပါတယ်
ဒါပေမဲ့ နောက်ထပ် မဟာ သီချင်းတွေကို ဆက်တိုက် ဆိုလိုက်တာကနေ
သူ့ ကိုနားမထောင်ဖြစ်တော့ပါဘူး---
ကိုအငဲ ဆိုလည်း ၀ိဥာဉ်များနဲ့ကခုန်ခြင်း အခွေမှာ စနားထောက်ဖြစ်တာမဟုတ်ဖူး
Unplugged အခွေမှာ စနားထောင်ဖြစ်ခဲ့တယ်-------------
တတိယနှစ်လောက်မှာပေါ့
ကာရာအိုကေ တွေပေါ်လာကတည်းက သီချင်းတွေကို အလွတ်သိပ်မရတော့တာပါ
ငယ်ငယ်တုန်းကလောက်လည်း သီချင်းနားထောင်အားမကောင်းတော့ပါဘူးလေ------------------
အလုပ်တွေအရမ်းများနေလို့လည်းမဟုတ်ဘူး
စိတ်တွေက ငယ်စဉ်ကလို မတက်ကြွတော့တာပါ
ခုလည်း Blog တွေရေးမယ်ဆိုတော့ ၀ါသနာပါတဲ့ သီချင်းစာသားတွေ ရေးပြီးတင်ဖြစ်နေတာပါ
ငယ်ငယ်တုန်းက ဂီတာတလက်ဝယ်ဖို့ခက်ခဲ တယ်
ခုအသက်ရလာတော့ အကောင်းဆုံးဂီတာဝယ်နိုင်ပေမဲ့ လမ်းဘေးမှာ ဂီတာထိုင်တီးဖို့ခက်ခဲ ပြန်တယ်
ခုတော့ အခန်းလေးထဲမှာ ပဲ ဂီတာလေးကိုတိုးတိုး တီးရင်းနဲ့ ဆိုညဉ်းနေပြီ
အရင်လို Heavy တွေ လည်းမအော်ဖြစ်ပါဘူး----စိုင်းထီးစိုင် လို စိုးပိုင်လို သီချင်းအေးအေးလေးတွေပဲဆိုညဉ်းရင်းနဲ့ပေါ့
ဟိုဘက်ခေတ်တုန်းက နားထောင်ဖို့ သီချင်းရှားတယ်--
နားထောင်စရာ Player ကလည်း ကက်ဆက် တစ်မျိုးပဲရှိတယ်
အဲ့ဒီတုန်းက နားထောင်ရတာ အရသာ ပိုရှိသလိုပဲ
လူ့သဘာဝ ကိုက ရှားပါးမှ တန်ဖိုးထားတတ်ကြတာကို
နောက်ပိုင်း VCD-DVD-MP3-MP4 တွေလည်းပေါ်လာတယ်
သီချင်းတစ်ပုဒ်ပေါက်သွားရင် Rimix ဆိုပြီးထပ်ထုတ်သေးတယ်
လိုင်းတွေကလည်း စုံလိုက်တာ
ဒါပေမဲ့ ဟိုတုန်းကလို တော့အရသာမရှိတော့ဘူး------
ကျွန်တော် ဖေဖေတို့ ခေတ်က အိမ်တစ်အိမ်မှာ ရေဒီယိုတစ်လုံးမရှိတဲ့ အချိန်ပေါ့
အဲ့ဒီတုန်းက ရေဒိယို ရှိတဲ့အိမ်ကို အိမ်နီးနားချင်းတွေ
စုဝေးပြီးလာနားထောင်ရတယ်လို့ကြားဖူးတယ်
အဲ့ဒီတုန်းက ပိုအရသာရှိမယ်ထင်တယ်--------------------

Wednesday, February 6, 2008
ဒူးထောက်ပြီ
ငါ ချစ်ရမှာ စိတ်ကူးရုံနဲ့ သွေးသားထဲကပျော်နေတတ်ပြီ
အိပ်မက်ထဲမှာ ဆုံတွေ့ လိုက်တိုင်း မနေနိုင်ဘူး ရူးချင်ပြီ
-မင်းရှေ့ကို ကိုယ်ရောက်သွားရင်ပဲ
အားတင်းထားသမျှအရည်ပျော်သွားတယ်
မင်းရဲ့အကြည့်မှာ မြူခိုးတွေနဲ့
မမြင်နိုင်ဘူး ဆူးတွေလည်း
ရင်ကိုဖွင့်ပြီး ဆိုမယ်----မယုံနိုင်အောင် ချစ်မိတယ်
ရင်ခုန်သံများ ချုပ်ထိန်းမရ သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်ကအကြင်နာတွေ မင်းသိဖို့လိုပြီ
ဝေးချင်ရင် ဝေး ခဏလောက် ဆုံးဖြစ်ရင် ငါ့ရဲ့ကမ္ဘာ ကိုကျေနပ်မည်

ကိုယ့်ဘက် အကြင်နာတွေ မင်း သိဖို့လိုပြီ
တို့ဆုံတွေခြင်း အရှုံးလည်း ယူလိုက်မည် မင်းသိအောင် ဖွင့်ပြောတော့မည်
အရှုံးလည်းယူတော့မည် မင်းရှေ့မှာ ငါဒူးထောက်ပြီ
ကြေကွဲစမ်းပါစေ မင်းသိအောင် ဖွင့်ပြောတော့မည်
မင်းရှေ့မှာ ငါဒူးထောက်ရင်း
မင်းသိအောင် ရင်ဖွင့်ပြောတော့မည်-----------------------

Subscribe to:
Comments (Atom)